ဖရဲသီး အဖြူသားကို ဘာကြောင့်စားသင့်တာလဲ
25-Feb-2017
ကျွန်မတို့တွေ ဖရဲသီးစားတဲ့အခါ အနီရောင်၊အဝါရောင်ရှိတဲ့ အတွင်းသားကိုသာ စားသုံးကြပြီး အခွံနဲ့ကပ်နေ တဲ့ အဖြူသားကို ဖယ်ရှားတတ်ကြပါတယ်။ တကယ်တော့ ဖရဲသီးရဲ့အသားဖြူထဲမှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေက ကျွန်မတို့ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုတယ်ဆိုတာ သင်သိပါရဲ့လား….။
သွေးဖိအား ပုံမှန်ဖြစ်စေတယ်
သွေးတိုးရောဂါရှိသူတွေ အနေနဲ့ဖရဲသီးစားသုံးတဲ့အခါ အဖြူသားကို မဖြစ်မနေ စားသုံးသင့်ပါတယ်။ သွေးစီးကြောင်းထဲမှာရှိတဲ့ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတာကြောင့်ပါ။ လေ့လာမှုတွေ အရ သွေးတိုးရောဂါရှိသူတွေမှာ စမ်းသပ်ခဲ့ရာ သွေးဖိအားပုံမှန် ဖြစ်အောင် လုပ်ဆောင်ပေး တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဆီးလမ်းကြောင်း ကောင်းမွန်အောင် အထောက်အကူပြုတယ်
ဖရဲသီးအဖြူသားမှာ ဆီးရွှင်စေတဲ့အာနိသင်ရှိပြီး ကျောက်ကပ်ရဲ့လုပ်ငန်း ဆောင်တာ ကို ကောင်းမွန်အောင် အားပေးကူညီပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်း တစ်လျှောက် ကိုလည်း သန့်စင်ပေးပါတယ်။နေ့စဉ် တစ်နေ့ကို ရေ ၈-၁၂ ဖန်ခွက်မသောက်ဖြစ်ခဲ့ ရင်တောင် ဖရဲသီးအဖြူသားကို စားသုံးပါက ဆီးလမ်းကြောင်း သန့်စင် စေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :Good health
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

